You are using a browser we do not support any longer. To continue visiting our website, please choose one of the following supported browsers.
အစားအစာနှင့် အဖော်ယမကာ လုပ်ငန်းတွင် ထုတ်ကုန်များ ညစ်ညမ်းမှုမရှိစေရန်အတွက်၊ ရေကိုအသုံးပြုပြီး လေ (ဆီပါဝင်မှုမရှိသော) ရိုထရီ ( rotary ) ကွန်ပရက်ဆာ ZR 160 VSD+ တွင် သန့်ရှင်းစင်ကြယ်သောလေ နှင့် လုံခြုံရေးကို ထည့်သွင်းစဉ်းစားထားသည်။
✅ အဆင့် ၀ : စက်ရုံလုပ်ငန်းသုံးစံချိန်စံညွှန်း - ဒလက်နှင့် ဂီယာခန်းကြားသို့ ဝင်သောအကန့် ရှိ ဆီ အငွေ့ပျံမှုကို ကာကွယ်မှု အပါအဝင် နိုင်ငံတကာ စံချိန်စံညွှန်း IOS 8573-1 Class 0 အရ ကွန်ပရက်ဆာ အတွင်းရှိလေသည် ၁၀၀% ဆီကင်းစင်ပါသည်။
✅ ISO 22000 သည်အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းတွင် လိုအပ်သည့် အကောင်းမွန်ဆုံးသောစံနှုန်းနှင့်ကိုက်ညီသည် - ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်၏ အရည်အသွေးနှင့် ကောင်းမွန်မှုကို သေချာ ရရှိစေပါသည်။
ရေကိုအသုံးပြုပြီး လေ (ဆီပါဝင်မှုမရှိသော) ရိုထရီ ( rotary ) ကွန်ပရက်ဆာ ZR ၏အားသာချက်များ နှင့်အတူ ယုံကြည်များရယူလိုက်ပါ။
✅ အသေ တပ်ဆင်ထားသော သံလိုက်မော်တာသည် အပူချိန် ၁၂၅ စင်တီဂရိတ်အထိ လည်ပတ်နိုင်သည်။
✅ NEOA အင်ဗာတာ သည် လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ရန်အတွက် အသေ တပ်ဆင်ထားသော သံလိုက်မော်တာနှင့် အတူ အလုပ်လုပ်သည်။
✅ မြင့်မားသောထိရောက်မှုနှင့် ကြာရှည်ခံမှုအတွက် Teflon Rotor Coating ကို အသုံးပြုထားသည်။
✅ Elektronikon® MK5 Touch သည် ကွန်ပရက်ဆာ (Compressor ) အလိုအလျောက်ပိတ်သွားခြင်း နှင့် လည်ပတ်နေစဉ်အတွင်း ပြသနာ တစ်စုံတရာဖြစ်ပါက သတိပေးညွှန်ပြခြင်းနှင့် အဝေးမှထိန်းချုပ်နိုင် ခြင်း များကို ပြုလုပ်နိုင်သည့် ၅ လက်မ အရွယ်အစားရှိသည့် မှန်ထောက် ( touch screen) အမျိုးအစားဖြစ်သည်။
✅ စွမ်းအင်ခြွေတာရန်နှင့် မနိုင်မနင်း လည်ပတ်မှုများကိုလျော့ချရန် အတွက် မော်တာ ( motor ) နှစ်ခုပါဝင်ပါသည်။
✅ အလွယ်တကူတပ်ဆင်၍ရသောကြောင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။
How are oil-free rotary screw blower ZS (VSD+) and pneumatic conveying related?