အခမဲ့!! Atlas Copco ၏ iiTrak နည်းပညာဖြင့် သင်၏ ကွန်ပရက်ဆာ စွမ်းအင်ကို အခမဲ့စစ်ဆေးပါ
iiTrak စွမ်းအင်စစ်ဆေးတိုင်းတာခြင်း - စွမ်းအင်ချွေတာရန်အတွက် ကွန်ပရက်ဆာတွင် စစ်ဆေးတိုင်းတာခြင်း !!
iiTrak Instrument ဖြင့်စစ်ဆေး တိုင်းတာပြီး၊ ပြုလုပ်သောတိုင်းတာမှုများအပေါ် အခြေခံ၍ ကျွန်ုပ်တို့၏ iiTrak Instrument သည် စွမ်းအင်ချွေတာမှုဖြစ်နိုင်ခြေ အချို့ကို ထုတ်လုပ်အကြံပြုပေး နိုင်ပါသည်။
- ကွန်ပရက်ဆာ၏အခြေအနေကို ၁ ပတ် (ဘက်ထရီသက်တမ်း ၁၄ ရက်) အထိမှတ်တမ်းတင်ခြင်း
- Operation အတွက် အမှန်တကယ်လိုအပ် သောလေပမာဏကို ပြပေးခြင်း
- ၀ယ်ယူသူ၏ စွမ်းအင်သုံးစွဲမှုနှင့် ပတ်သက်သောအချက်အလက်များကို ဖော်ပြခြင်း
- Operation နှင့် အံဝင်ခွင်ကျ သင့်လျော် မည့် ကွန်ပရက်ဆာကို အကြံပြုပေးခြင်း
- ၀ယ်ယူသူ၏ စွမ်းအင်ချွေတာနိုင်မည် နည်းလမ်း များ၊အကြံပြုချက် များ ပါဝင်သည့် အစီရင်ခံစာကို ပြုလုပ်ပေးခြင်း
- တိုင်းတာရာ မှာ လွယ်ကူခြင်း
Atlas Copco၏ ရည်မှန်းချက်မှာ သင်၏စက်ရုံ အတွက် အမှန်တကယ် လိုအပ်သော လေဖိအားကိုရွေးချယ်ပေးရန်နှင့် သင်၏စက်ရုံအတွင်းရှိ ထုတ်လုပ်မှုမဖြစ်စေသော (မလိုအပ်သော) စွမ်းအင်သုံးစွဲမှုကို လျှော့ချရန်ဖြစ်သည်။
ယေဘုယျအားဖြင့် ကွန်ပရက်ဆာသည် Loading /Un-Loading ကို မတူညီသော ပုံစံသုံးမျိုးဖြင့် လည်ပတ်နိုင်သည်။
- ရပ်တန့်ခြင်း (ကွန်ပရက်ဆာ ၏ မော်တာ သည် မည်သည့်စွမ်းအင်ကိုမျှ အသုံးမပြုဘဲ ရပ်တန့်သွားခြင်း)
- Un-Loading (ကွန်ပရက်ဆာ ၏ မော်တာမောင်းနေသော်လည်း လေဝင်ပေါက် (Inlet control) ထိန်းချုပ်မှုကို ပိတ်ထားပေးသည်။ အဆိုပါယူနစ်သည် လေကိုမထုတ်လုပ်နေပါ၊ - "ဒါဟာ အချည်းနှီးဖြစ်ခြင်း" - နှင့်စွမ်းအင်ဖြုန်းတီးခြင်းဖြစ်ပါသည်။
- Loading (ကွန်ပရက်ဆာ ၏ လေဝင်ပေါက် (inlet control) ကိုဖွင့်ထားစေပြီး စွမ်းအားအပြည့်ဖြင့် လေအားကိုထုတ်ပေးနေပြီး စွမ်းအင်ကို ထိထိရောက်ရောက် အသုံးပြုနေခြင်းဖြစ်သည်။
iiTrak ကိုရွေးချယ်သုံးစွဲခဲ့ကြသော Customer များသည် ငွေနှင့် စွမ်းအင်ချွေတာခြင်း၊ အခြားလုပ်ငန်းစဉ်များတွင် စွမ်းအင်ကိုပြန်လည်အသုံးပြုခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများကို လျှော့ချပေးခြင်း၊ လည်ပတ်မှုကုန်ကျစရိတ် လျှော့ချပေးခြင်း စသည့် ရလဒ်များကို ယနေ့ မြင်တွေ့ရပါသည်။