Why buy oxygen if you can produce it yourself?
သင်ကသင့်ကိုယ်သင်ထုတ်လုပ်နိုင်လျှင်အဘယ်ကြောင့်အောက်စီဂျင်ကိုဝယ်?
ကုန်ထုတ်လုပ်မှုလုပ်ငန်းစဉ်များတွင် အောက်စီဂျင်ဖြင့်လည်ပတ်သော စက်မှုလုပ်ငန်းများသည် အောက်ဆီဂျင်အိုးများ ဝယ်ယူအသုံးပြုမည်အစား အောက်ဆီဂျင်ထုတ်လုပ်သောစက် ကို ဝယ်ယူအသုံးပြုခြင်းက ကုန်ထုတ်လုပ်မှုစရိတ်ကိုလျှော့ချနိုင်ပြီး ရေရှည်အတွက် ပို၍အကျိုးရှိစေနိုင်သည်။ အောက်စီဂျင်ဟာ အသုံးပြုပြီးရေများကို ပြန်လည်သန့်စင်သည့်လုပ်ငန်းများ၊ စက္ကူလုပ်ငန်း၊ မှန်လုပ်ငန်း နှင့် သတ္တုလုပ်ငန်း ကဲ့သို့သော စက်မှုလုပ်ငန်းများ အတွက် အဓိကလိုအပ်သော အရာဖြစ်သည်။ သို့ပေမယ့်လည်း အောက်စီဂျင်အိုးများသည် အရွယ်အစားအပေါ် မူတည်၍ ဈေးနှုန်းမျိုးမျိုး ရှိတဲ့အတွက် တချို့သော အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကြားမှာတော့ အရမ်း အသုံးများကြတယ်။ ဒါပေမယ့်လည်း ရေရှည်ကိုကြည့်မယ်ဆိုရင်တော့ အောက်စီဂျင်ထုက်လုပ်သည့်စက်များ ကို ဝယ်ယူအသုံးပြုလိုက်ချင်းက အောက်ပါ အချက်များ အတိုင်း ကုန်ထုပ်လုပ်မှုစရိက်ကို သက်သာစေပါတယ်။
- အရည်အသွေး ကောင်းမွန်သော အောက်စီဂျင် ကို ထုတ်လုပ် အသုံးပြုပြီး ကုန်ထုပ်လုပ်မှုလုပ်ငန်းကို စဉ်ဆက်မပြတ်လုပ်ဆောင် နိုင်ခြင်း
- အစပိုင်းရင်းနှီးမြှုပ်နှံမှုမှာ ပို၍ဈေးကြီးသော်လည်း ရေရှည်အတွက်စဉ်းစားလျှင် ကုန်ကျစရိတ် သက်သာခြင်း(အောက်စီဂျင် အိုးတန်ဖိုး)၊ သယ်ယူပို့ဆောင်စရိတ်နှင့် အပိုဆောင်း ကုန်ကျစရိတ်များ မရှိခြင်း
- သင်၏လုပ်ငန်း လိုအပ်ချက်နှင့် ကိုက်ညီသော အသန့်စင်ဆုံးသော အောက်စီဂျင်ကို ထုပ်လုပ်ပေးနိုင်ခြင်း။
Atlas Copco မှ ယခုဈေးကွက်များမှာ ထုပ်လုပ်ရောင်းချနေတဲ့ (OPG -PSA Type) အောက်စီဂျင်စက်ဟာ ပိုပြီး ထိရောက်စွာ ထုတ်လုပ်နိုင်ပါတယ်။
- Pressure Swing Adsorption (PSA) နည်းပညာသည် လိုအပ်သော သန့်စင်မှုနှင့်ကိုက်ညီသည့် အများဆုံးအနေဖြင့် 93% မှ 95% ရှိသော အောက်စီဂျင်ကို စဉ်ဆက်မပြတ် ထုတ်လုပ်ပေးသော နည်းပညာဖြစ်သည်။
- ၁၄ နာရီဆက်တိုက် လည်ပတ်မှုဒဏ်ကို ကြံကြံခိုင်နိုင်သည့် ခိုင်မာသော ဒီဇိုင်းဖြစ်သည်။
- SMARTLINK သည် စက်၏အချက်အလက်များကို စောင့်ကြည့်လေ့လာရသည့်ပရိုဂရမ်ဖြစ်သည်။ အသုံးပြုသူသည် LAN နှင့်ချိတ်ဆက်စရာမလိုပဲအင်တာနက်မှတဆင့် System ကိုအဝေးမှစောင့်ကြည့်၍ရသည်။ ဒီပရိုဂရမ်က ကွန်ပရက်ဆာအတွင်းမှာရှိတဲ့ လေဖိအားကို သေချာစွာမြင်နိုင်စေခြင်းနဲ့ နေ့တဒူဝ စက်ကိုစစ်ဆေးနေရတဲ့ ပြသနာကို လျော့ချပေးနိုင်ခြင်း အစရှိတဲ့အချက်တွေကို လုပ်ဆောင်ပေးနိုင်ပါသည်။
ပိုမိုသိရှိလိုပါကဖတ်ပါ
18 November, 2020
Atlas Copco မှ ထုတ်လုပ်သည့် ဆီကိုအသုံးပြုပြီး လေကိုထုတ်လုပ်ပေးသော G series ရိုထရီ (rotary )ကွန်ပရက်ဆာ နှင့် သံဖြင့် ပြုလုပ်ထားသော ပစ်စတင်( piston ) ကွန်ပရက်ဆာ ATB
Read more
နိုက်ထရိုဂျင် - ဓာတုဗေဒဆိုင်ရာလုပ်ငန်း၏ လုံခြုံရေးအကာအကွယ်
ဓာတုဗေဒဆိုင်ရာကာကွယ်မှု (သိုမဟုတ်)“ ကန် ကာခြင်း” သည် ဓာတုပစ္စည်း၏ ဖွဲ့စည်းမှုကို ထိန်းချုပ်ရန်အတွက် ကွန်တိန်နာ သို့မဟုတ် ကန်အတွင်းရှိ လွတ်နေသောနေရာများတွင် နိုက်ထရိုဂျင်ကို အသုံးပြုသော အလွန်ရိုးရှင်းသောလုပ်ငန်းစဉ်ဖြစ်ပါသည်။ ၎င်းသည် အောက်စီဂျင်မော်လီကျူးများနှင့် ဓာတုဓာတ်ပြုခြင်းကို ကာကွယ်ပေးပါသည်။
Read more
18 November, 2020
သင်စက်ရုံမှာ လက်ရှိအသုံးပြုနေသော ဆီကို အသုံးပြုပြီး လေကိုထုတ်ပေးသည့် ကွန်ပရက်ဆာသည် ကောင်းမွန်စွာနှင့် ထိရောက်စွာ အလုပ်လုပ်နိုင်တယ်ဆိုတာသေချာပါသလား။
Read more
Why buy oxygen if you can produce it yourself?