ရေကိုအသုံးပြုပြီး လေ (ဆီပါဝင်မှုမရှိသော) ရိုထရီ ( rotary ) ကွန်ပရက်ဆာ ZR 160 VSD+ သည် သင်၏လုပ်ငန်းလည်ပတ်မှုအပေါ် ဘယ်လို အကျိုးကျေးဇူးများ ရရှိန်ိုင်သလဲ ။
ရေကိုအသုံးပြုပြီး လေ (ဆီပါဝင်မှုမရှိသော) ရိုထရီ ( rotary ) ကွန်ပရက်ဆာ ZR 160 VSD+ သည် သင်လုပ်ငန်း အတွက် ကုန်ကျစရိတ်ကို လျော့ချစေပြီး ညစ်ညမ်းမှု လုံးဝမရှိစေရန် ပြုလုပ်ပေးနိုင်ပါသည်။
ရေကိုအသုံးပြုပြီး လေ (ဆီပါဝင်မှုမရှိသော) ရိုထရီ ( rotary ) ကွန်ပရက်ဆာ ZR သည် စခရူ ( screw) နှစ်ခုကိုဖြတ်၍ လေဖိအား ကို ဖန်တီးသည့် ကွန်ပရက်ဆာ အမျိုးအစားဖြစ်သည်။ မော်တာတစ်ခုတွင် မော်ကျူး ( module) တစ်ခုဖြင့် လည်ပတ်ပြီး ၊ လေထဲသို့ဖိအားပေးတဲ့ မော်ကျူး ( module) 2 ခုရှိပါသည်။ ပထမ မော်ကျူး ( module) အတွင်းရှိ လေဖိအားသည် ပုံမှန်လေဖိအားဖြစ်သောကြောင့် ကွန်ပရက်ဆာအတွင်းရှိလေသည် စခရူ ( screw) နှစ်ခုအတွင်းမှဖြတ်လာပြီး ၂ ဘားထက်မပိုသော လေဖိအားနှင့်အတူ ထွက်လာသည်။ ထို့နောက်ကွန်ပရက်ဆာအတွင်းရှိလေသည် ဒုတိယမော်ကျူး ( module) ကို မဖြတ်မီ အပူချိန်လျော့ချခြင်းနှင့် အစိုဓာတ်ကို ခွဲထုတ်ရန်အတွက် အအေးပေးစနစ် ( cooling system) သို့မဟုတ် အင်တာ ကူလာ ( intercooler) ကိုဖြတ်ရသည်။ ဒုတိယ မော်ကျူး အတွင်းရှိ လေဖိအားသည် အမြင့်ဆုံး အဆင့်တွင်ရှိသည့်အတွက် ပထမမော်ကျူး ( module) အတွင်းရှိကွန်ပရက်ဆာလေကို အမြင့်ဆုံးဖိအား ၁၀ ဘားဖြင့် ဖိသိပ် ပြီးနောက် အပူချိန်ကိုလျော့ချရန်နှင့် အစိုဓာတ်ကို ထပ်မံခွဲထုတ်ရန် အတွက် pulsation damper နှင့် aftercooler ကိုဖြတ်သန်းရပါသည်။ နောက်ဆုံးတွင် ကွန်ပရက်ဆာ အတွင်းရှိလေသည် လိုအပ်သော လေဖိအားဖြင့်ထွက်လာပြီး စွမ်းအင်ကိုသက်သာစေပါသည်။
✅ ထူးခြားသော Z တံဆိပ် ပုံစံ ဒီဇိုင်းသည် ဆီချောဆီနှင့် ဂီယာကို ခွဲထားသည့် အပြင်ခန်းအတွင်းသို့ ဝင်ရောက်မှု မရှိသောကြောင့် ဆီ မပါဘဲ ၁၀၀% သန့်စင်သောလေ ကို ထုတ်ပေးပါသည်။
✅ ရေအေးဒီဇိုင်းသည် ရလဒ်အနေဖြင့် စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားကုန်ကျစရိတ်များကို သက်သာစေပြီး ကွန်ပရက်ဆာအတွင်းရှိလေ နှင့် ဆီ စနစ်အတွင်းမှ အပူဒဏ်များက်ိုသေချာဖမ်းယူနိုင်အောင် ပြုလုပ်ထားပါသည်။
ရေကိုအသုံးပြုပြီး လေ (ဆီပါဝင်မှုမရှိသော) ရိုထရီ ( rotary ) ကွန်ပရက်ဆာ ZR ၏ အားသာချက်များဖြင့် ပိုမိုယုံကြည်မှုများ ရယူပါ။
✅ အသေ တပ်ဆင်ထားသော သံလိုက်မော်တာသည် အပူချိန် ၁၂၅ စင်တီဂရိတ်အထိ လည်ပတ်နိုင်သည်။
✅ NEOA အင်ဗာတာ သည် လုပ်ဆောင်နိုင်စွမ်းကို တိုးမြှင့်ရန်အတွက် အသေ တပ်ဆင်ထားသော သံလိုက်မော်တာနှင့် အတူ အလုပ်လုပ်သည်။
✅ မြင့်မားသောထိရောက်မှုနှင့် ကြာရှည်ခံမှုအတွက် Teflon Rotor Coating ကို အသုံးပြုထားသည်။
✅ Elektronikon® MK5 Touch သည် ကွန်ပရက်ဆာ (Compressor ) အလိုအလျောက်ပိတ်သွားခြင်း နှင့် လည်ပတ်နေစဉ်အတွင်း ပြသနာ တစ်စုံတရာဖြစ်ပါက သတိပေးညွှန်ပြခြင်းနှင့် အဝေးမှထိန်းချုပ်နိုင် ခြင်း များကို ပြုလုပ်နိုင်သည့် ၅ လက်မ အရွယ်အစားရှိသည့် မှန်ထောက် ( touch screen) အမျိုးအစားဖြစ်သည်။
✅ စွမ်းအင်ခြွေတာရန်နှင့် မနိုင်မနင်း လည်ပတ်မှုများကိုလျော့ချရန် အတွက် မော်တာ ( motor ) နှစ်ခုပါဝင်ပါသည်။
✅ အလွယ်တကူတပ်ဆင်၍ရသောကြောင့် လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။